Featured Video

ရခိုင်ဒီမိုဂရေစီအဖွဲ့ချူပ်--ပြည်ပ-မလေးသျှားဌာနခွဲ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ထုပ်ပြန်ချက် Union Day Sta

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.

This is default featured post 2 title

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.

ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်

Wednesday, January 5, 2011

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော မုဒိန်းမှူအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ပြန်းထန်စွာရှုတ်ချခြင်း၊

၂ဝ၁ဝ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ  (ဘ)ဦး မောင်ကျော်ခိုင် သမီးအသက်(၁၇)နှစ်နှင့် (ဘ)ဦးကျော်တင်မောင်သမီး အသက်(၁၇)နှစ် အမျိုးသမီးငယ် နှစ်ဦး အား မူဆလင်ကုလားများမှ ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့်ကြောင်း နေရဉ္စရာသတင်းအရသိရှိရသည်၊ အဆိုပါ ပြုကျင့်ခံရသူ အမျိုးသမီးငယ်များကို ပြုကျင့်ခံရပြီး နှစ်ရက်အကြာနောက်ပိုင်း မယူတောင်သို့ကျော်၍ ရသေ့ တောင်မြို့နယ်အတွင်း ပေးးပို့ခဲ့သည်ဟု သိရှိရသည်။

Thursday, December 30, 2010



၂၂၆ နှစ်မြောက် ရခိုင်အချုပ်အခြာ အာဏာကျဆုံးနိန့် ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ သဘောထား ထုတ်ပြန်ချက်။
                                                        နေ့စွဲ။  ။ ၃၀၊ ၁၂၊ ၂၀၁၀
            ယနေ့သည် ရခိုင်ပြည်အချုပ်အခြာအာဏာ ကျဆုံးခဲ့သည့် (၂၂၆) နှစ်မြောက်နေ့ဖြစ်သည်။ ယခုကဲ့သို့ ရခိုင်တမျိုးသားလုံးဆိုင်ရာ နေ့ထူးအခါထူးများတွင် ကမ္ဘာ့ထောင့်အသီးသီး၌ ရောက်ရှိနေကြ သော ရခိုင်အမျိုး သား အမျိုးသမီးများနှင့် အဖွဲ့အစည်းများက မိမိတို့တိုင်းပြည်နှင့် လူမျိုးအား ၁၇၈၄ခုနှစ် ဇွန်န၀ါရီလ(၁)ရက်နေ့တွင် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက မတရားဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် နှစ်နှစ်ရာကျော် ကြာမြင့်ပြီးသည့် တိုင်အောင် လူမျိုးခြားလက်အောက်၌ ဒုက္ခမျိုးစုံ တို့ဖြင့် ကမ္ဘာ့အခက်ခဲ အကျပ်တည်းဆုံး ဒေသစာရင်း ထဲ၌ ရှိနေသေးခြင်း၊ လက်တွေ့ ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ကမ္ဘာက သိရှိအောင်နှင့် မိမိတို့ အချင်းချင်း ကြားတွင် အမျိုးသားရေးအသိစိတ်ဓါတ်များ ပိုမိုပြင်ထန် ခိုင်မာလာစေရန် ရည်ရွယ် ချက်များဖြင့် တခန်းတနား စုဝေးဟောပြောပွဲများ၊ ဆန္ဒပြခြင်းနှင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းများပြုလုပ်လျှက် ရှိကြပေသည်။ ဤသို့ပြုလုပ်ကြခြင်းသည် အမျိုးသား ရေး လှုပ်ရှားမှုတခုဖြစ်၍ ပြည်တွင်းပြည်ပ နှစ်ဌာနလုံးမှ ရခိုင်ပြည်သူများအားလုံး မိမိတို့ လက်ရှိ အနေအထားကို ပြန်လည်စီစစ်ခြင်းနှင့် အတိတ်က ပြိုလဲခဲ့ရသည့် ရခိုင်ဂုဏ်သိက္ခာကို ပြန်လည် ဦးမော့စေလျှက် အနာဂါတ် ခြေလှမ်းများစွာအတွက် ဖြစ်နိုင်ဖွယ်ရှိသော ရှေးလုပ်ငန်းစဉ်များကို ချမှတ်အကောင်ထည်ဖော်ဆောင်ကြရန် အားမာန်တင်းတင်း ယုံကြည်ချက်အပြည့်ဖြင့် စတင်ကြိုး ပမ်းသည့် သဘောလည်းဖြစ်ပေသည်။ သို့ရာတွင် ယခုကဲ့သို့ ပင်ပမ်းခံ လုပ်ဆောင် ကြရခြင်းအတွက် နိုင်ငံရေး အနှစ်သာရပြည့်ဝ၍ အလားအလာကောင်းများကို မျှော်လင့်နိုင်ဖို့ရန်လည်း အထူးလို အပ်ကြောင်း သတိမူသင့်ကြပေသည်။ အလားအလာကောင်းဆိုရာ၌ ယခုကဲ့သို့ ရှည်လျားလှသော ကျွန်ပြုခံသက်တမ်းကို တတ်နိုင်သမျှ လျှော့ချရပ်တန့်၍ ရက်စက်ယုတ် မာလှသော ရန်သူ၏ လက်ခုပ်ထဲမှ အပြီးတိုင် လွတ်မြောက်အေးချမ်း တိုးတက်သာယာသော ရခိုင်လူ့ ဘောင် တည်ဆောက်ရေးကို မျှော်မှန်းနိုင်ခြင်းပင်ဖြစ်သည်။ အပြင်ဘန်းက ကြည့်သည်ဖြစ်စေ၊ အနှစ်သာရ အားဖြင့် ကြည့်သည်ဖြစ်စေ ယခုကဲ့သို့ အချုပ်အခြာ အာဏာကျဆုံးအခန်းအနားများ၏ တူညီသော ဦးတည်ချက်မှာ အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက် နိုင်ရေးပင်ဖြစ်ကြောင်း သိသာထင် ရှားနေပေသည်။
သို့ဖြစ်၍ ဤမျှအထိ မြင့်မားကြီးကျယ်သော မျှော်မှန်းချက်ကို ထားရှိကျင်းပသည့် နိုင်ငံတကာ ရောက် ရခိုင့်အသိုင်းအ၀ိုင်းများအနေနှင့်ရော၊ စိတ်ဓါတ်အရဖြစ်စေ အားပေးထောက်ခံသူများ အနေဖြင့် ပါ ပွဲပြီးမီးသေ၊ ကျင်းပပြီး ပြီးရော ပုံစံမျိုး မဖြစ်သင့်ပဲ ဤမှဖြစ်ပေါ်လာသော အမျိုးသား စိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်းလျှက် လက်တွေ့ကျသည့် တော်လှန်ရေး အခန်းကဏ္ဍတွင် မိမိတို့ တစ်ဦးချင်းစီ ၏ ကိုယ်စွမ်း၊ဥာဏ်စွမ်း တတ်စွမ်းသရွေ့ ပါဝင်လုပ်ဆောင်မှုကို တိုးမြှင့်သွားသင့်ပေသည်။ တော်လှန် ရေးဟူသည် နိုင်ငံရေးသမားများ။ လက်နက်ကိုင်ပြောက်ကျားတပ်ဖွဲ့များနှင့်သာ သက်ဆိုင်သည့် အရာမဟုတ်ပဲ ရခိုင်သားတိုင်းနှင့် သက်ဆိုင်၍ တော်လှန်ရေး အောင်မြင်ခြင်း (သို့မဟုတ်) ရှုံးနိမ့်ခြင်း အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုများမှာလည်း ရခိုင်သားတိုင်း၏ တာဝန်နှင့် ပါဝင်လုပ် ဆောင်ကြမှု အတိုင်းအဆနှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။ သို့ဖြစ်၍ တော်လှန်ရေး အထမြောက် အောင်မြင်သည်အထိ ရခိုင်တမျိုးသားလုံး လက်ချင်းယှက်လျှက် လက်တွေ့ကျကျ စည်းလုံးညာစွာဖြင့် တဆင့်ပြီးတဆင့်တိုးမြှင့်၍ ဆက်လက်တိုက်ပွဲဝင်သွားကြရန် လိုအပ်သေးပါကြောင်း ထုတ်ပြန်လိုက် ရပေသည်။။
ပုဂ္ဂိုလ်ရေး၊ အုပ်စုရေး ရပ်တည်လှုပ်ရှားမှုများကို အမျိုးသားရေး လှုပ်ရှားမှုအသွင်သို့ တိုးမြှင့်ကြ၊
လူငယ်မျိုးဆက်သစ်များအနေဖြင့် ပုဂ္ဂိုလ်စွဲ။ အုပ်စုစွဲ။ ၀ါဒစွဲလောင်းရိပ်ထိုးမခံပဲ လွတ်လပ် သွက်လက်စွာ
 လှုပ်ရှားကြ၊ မတရားကျူးကျော် အုပ်ချုပ်သူမှန်သမျှ အမြစ်ပြုတ် တိုက်ထုတ်ကြ ၊ ၊


ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)
ဗဟိုဌာနချုပ်။

နယူးဒေလီ။

အိန္ဒိယ

Saturday, November 27, 2010

ရခိုင့်ယဉ်ကျေးမှု အမွေ အနှစ်များကို စစ်အုပ်စုမှ ဖျက်ဆီးနေခြင်းပေါ် သဘောထား ထုတ်ပြန် ကြေညာချက်။

ကြေညာချက် – အမှတ် – ၄/၂၀၁၀
 
နေ့စွဲ။ ။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်
နအဖ စစ်အုပ်စုသည် (၁၅၇) မိုင် ရှည်လျားသော စစ်တွေ – အမ်း – မင်းဘူး ရထားလမ်းကို (၁၀) နှစ်အတွင်း ဖောက်လုပ်လျက်ရှိရာ ယခု အချိန်တွင် ရခိုင်ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့ ရထား လမ်းပိုင်းကို စတင် ဖောက်လုပ်လျက်ရှိနေသည်။ ထိုသို့ ဖောက်လုပ်ရာတွင် ရှေးဟောင်း စေတီ၊ ပုထိုး၊ တံတိုင်း၊ ခံတပ်၊ ပိဋကတ်တိုက်၊ ကျုံးနှင့် မြို့ရိုး စသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား ရထားလမ်းကို အကြောင်းပြုပြီး ဖျက်ဆီးနေသည်ကို တွေ့ရှိနေရသည်။ ထိုကဲ့သို့ လူမျိုးတမျိုး၏ အထွတ် အမြတ်ထားရာ သာသနိက အဆောက်အအုံများနှင့် ယဉ်ကျေးမှု အဆောက်အအုံများကို ဖျက်ဆီးခြင်းသည် လူမျိုးတမျိုးအား စော်ကားရုံသာမက ဘာသာ သာသနာကိုလည်း စော်ကားခြင်း မည်ပေသည်။ ရထားလမ်းအား ပြည်သူလူထု အကျိုးအတွက် စေတနာမှန်ဖြင့် ဆောင်ရွက်လိုလျှင် ရထားလမ်း ဖောက်လုပ်ရန် အခြား ရွေးချယ်စရာ လမ်းကြောင်း အမြောက်အမြားရှိပါလျက် ရှေ့ဟောင်း စေတီ၊ ပုထိုး၊ ယဉ်ကျေးမှုအဆောက်အအုံများကို ဖျက်ဆီးပြီးမှ ဆောင်ရွက်ခြင်းသည် မျိုးဖျက်၊ မျိုးဖြုတ် လုပ်ရပ် ဖြစ်ပေသည်။ ရှေးဟောင်း အဆောက် အအုံများသည် ဖျက်ဆီးပြီးမှ ပြန်လည်တည်ဆောာက် မွမ်းမံ ပြုလုပ်၍ ရကောင်းသော အရာများ မဟုတ်ချေ။ လူမျိုးတမျိုး၏ ဘာသာ သာသနာသမိုင်း၊ အမျိုးသားဂုဏ်သိက္ခာ၊ ဇာတိသွေး၊ ဇာတိမာန်တို့သည် ထိုအဆောက်အအုံများနှင့်အတူ ကိန်းအောင်း တည်ရှိနေပြီး လူမျိုးတမျိုး၏ သမိုင်း မှတ်တိုင်များအဖြစ် မှတ်ကျောက် တင်နိုင်သော စံတန်ဖိုးများလည်း ဖြစ်သည်။
ယနေ့ထက်တိုင် ရခိုင်လူမျိုး တည်ရှိနေခြင်းသည် မိမိတို့လူမျိုး၏ ယဉ်ကျေးမှုသမိုင်းအစဉ်အလာ၊ မျိုးရိုးဂုဏ်သိက္ခာ ခိုင်ခံ့တည်မြဲ နေသောကြောင့် ဖြစ်သည်။ လူ့ယဉ်ကျေးမှု၊ လူ့သမိုင်းကို တန်ဖိုးထားသော လူသားတိုင်းသည် ကမ္ဘာသူ၊ ကမ္ဘာသားတိုင်း၏ ယဉ်ကျေးမှု အမွေအနစ်ကို ထိမ်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပေသည်။ သို့သော် စစ်အုပ်စုသည် ရခိုင်ယဉ်ကျေးမှု အမွေအနစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း မပြုရုံသာမက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းသည် လူ့ယဉ်ကျေးမှုတရပ်လုံးအား ဖျက်ဆီးခြင်း မည်ပေမည်။ ထိုကဲ့သို့ လုပ်ရပ်များ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ရခိုင့်သမိုင်းနှင့် လူ့ယဉ်ကျေးမှုသမိုင်းတွင် မည်သည့်အခါမှ ဖျောက်ဖျက်၍ မရနိုင်သော သမိုင်း အမည်းစက်အဖြစ် ကျန်ရှိနေပေလိမ့်မည်။ ထိုလုပ်ရပ်များအား ချက်ချင်း ရပ်တန့်ရန် ရခိုင် ပြည်သူလူထုနှင့် သံဃာတော် အရှင် သူမြတ်များ တောင်းဆို နေသည့်ကြားမှ ဆက်လက် ဖျက်ဆီးမည်ဆိုပါက ကျူးလွန်သူများ၏တာဝန်သာ ဖြစ်ကြောင်း သိစေအပ်သည်။
ရခိုင်ပြည်သူ တရပ်လုံး -
  • အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို စောင့်ရှောက် ကာကွယ်ကြ။
  • မျိုးဖျက်လုပ်ရပ်များအား အမျိုးသားတာဝန်တရပ်အနေဖြင့် ဆန့်ကျင် ကန့်ကွက်ကြ။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်သံဃာ့သမဂ္ဂ
ဆက်သွယ်ရန် – + ၆၆ (၈) ၇၅၅၇ ၇၀၆၉

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More